TINT SABEI TRADING CO.,LTD

ကျွန်ုပ်တို့ အကြောင်း

ကျွန်တော်များ Tint Sabei Trading Co., Ltd သည် ၂၀၁၂တွင် စတင်တည်ထောင်ခဲ့ပြီး container desiccant(ရေငွေ့ စုပ်ပစ္စည်း)အမျိုးအစား အမျိုးမျိုးကို ပြည်ပမှ အဓိက တင်သွင်းပြီး မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူး ရောင်းချနေသော ကုမ္ပဏီဖြစ်ပါသည်။အထူးသဖြင့် Super Dry Container Desiccant အမျိုးမျိုးကို မြန်မာနိုင်ငံ အတွင်းတွင် Solely Authorized Distributor အနေဖြင့် ဖြန့် ဖြူး လျက်ရှိပါသည်။ Super Dry သည် Calcium Chloride Desiccant အမျိုးအစားဖြင့် ထုတ်လုပ်ထားပြီး ရေငွေ့ စုပ် ပစ္စည်း အမျိုးအစားတွင် အကောင်းဆုံးသော အမျိုးအစားဖြစ်ပါသည်။

Core Advantages - အားသာချက်များ

မိမိကိုယ်ပိုင်အလေးချိန်ထက် ၃၀၀%ကျော် ရေငွေ့ စုပ်ပေးနိုင်ခြင်း

Super Dry ၏ ရေငွေ့ စုပ်နုန်းသည် အခြား ရေငွေ့စုပ် ပစ္စည်းများထက် ၁၀-၁၅ဆ ပိုစုပ်နိုင်ခြင်း


စတင် အသုံးပြုချိန်မှ ရက်ပေါင်း ၉၀ အထိ အလုပ်လုပ်ခြင်း

Super Dry သည် သင်၏ကုန်ပစ္စည်းကို သင်၏ Customer လက်ထဲသို့ ပို့ ဆောင်ရာတွင် စိတ်ချရခြင်း


စုပ်ပြီးသားရေငွေ့ ကို Gel Type သို့ ပြောင်းအောင်ပြုလုပ်ထားသောကြောင့် ပေါက်ထွက်မှု မရှိခြင်း

စုပ်ပြီးသားရေငွေ့ သည် ယိုဖိတ်ခြင်း နှင့် ရေငွေ့ ပြန်ခြင်း တို့ မရှိခြင်း


Super Dry သည် Temperature -5° C မှ +90° C အထိ အလုပ်လုပ်နိုင်

Super Dry Desiccant သည် transport အမျိုးမျိုးနှင့် ကုန်ပစ္စည်း သိုလှောင်သော ပတ်ဝန်းကျင် အမျိုးမျိုးအတွက် သင့်လျော်သည်။


REACH Registered, Non Toxic နှင့် DMF FREE

အထက်ပါ Certificate များအတွက် international standard နှင့် အညီ independent institutes များတွင် စစ်ဆေးထားပါသည်။


တစ်ကမ္ဘာလုံးရှိ အရောင်းနှင့် ဝယ်ယူသုံးစွဲသူများအတွက် ဝန်ဆောင်မှု အချိတ်အဆက်

ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ ၏ ပစ္စည်း ဝယ်ယူသုံးစွဲသူများနှင့် ဈေးကွက် အကြောင်းကို ကျွမ်းကျင် နှံ့ စပ်ပြီး Customer များရှိရာ နေရာတိုင်း အထိ ဝန်ဆောင်မှု ပေးနိုင်ပါသည်။